Saturday, February 4, 2012

ဟိတောပဒေသမှ ကောက်နုတ်ချက်များ



လောက၏ ချမ်းသာသုခ ၆ ပါး
  • ၁။ စီးပွားဥစ္စာရခြင်း၊
  •  ၂။ အနာရောဂါကင်းခြင်း 
  •  ၃။ ချစ်သူ 
  • ၄။ ချစ်ဖွယ်စကားပြောကြားတတ်သည့် မယား
  • ၅။  စကားနားထောင်တတ်သည့်သား
  • ၆။ အကျိုးစီးပွားကို ပြုတတ်သည့် ပညာ
ရန်သူ
Ø  ကြွေးတင်အောင်လုပ်သော အဖသည် ရန်သူမည်၏။
Ø  လင်ငယ်နေသော အမိသည် ရန်သူမည်၏။
Ø  ပညာမဲ့သော သားသည် ရန်သူမည်၏။
Ø  အဆင်းလှသော မယားသည် ရန်သူဖြစ်၏။

အဆိပ်
  1.   အလေ့ အကျင့်မလုပ်လျှင် အတတ်ပညာသည် အဆိပ် ဖြစ်၏။
  2.    မကြေညက်လျှင် အစာသည် အဆိပ် 
  3. ပညာမွဲသူအတွက် ပွဲလမ်းသဘင်သည် အဆိပ် 
  4. လူအိုအတွက် မိန်းမပျိုသည် အဆိပ် ဖြစ်၏။        ဟိတောပဒေသ


No comments:

သင့် ဆီကဝေဖန်ချက်ကြံပြုချက်များကိုလည်းရှင်ယောဆိုက်မှကြိုဆိုလျှက်ပါ