Thursday, March 31, 2011

Wednesday, March 16, 2011

Tuesday, March 1, 2011

သေချာတာဘာရှိလဲ

သေချာတာဘာရှိလဲ

ခုတလော အလုပ်တွေ အဆင်မပြေဘူး။ ဦးဇင်းဖြစ်ပြီး ဘာအလုပ်အဆင်မပြေတာလဲ ဦးဇင်းက အလုပ်လုပ်သလားလို့ မေးစရာရှိပါတယ်။ လူပဲဖြစ်ဖြစ်ဖြစ် ဦးဇင်းပဲဖြစ်ဖြစ် သူ့အလုပ်နဲ့သူ တခုခုတော့လုပ် နေရမှာပဲ အလုပ်မရှိတဲ့သူဟာ အလကားလူ ဖြစ်သွားမှာပါ။ အလုပ်လုပ်တဲ့အခါ မှာလည်း မှန်တဲ့အခါရှိသလို မှားတဲ့အခါလည်း ရှိနိုင်ပါတယ်။ အလုပ်ရှိတော့လည်း အလုတ်မှန်ဖို့ အရေးကြီးပါတယ်။ အလုပ်လုပ် အချိန်ကုန် ငွေကုန် လူပန်းပြီး အကျိုးမရှိဘူးဆို လုပ်ရကျိုးမနတ်ပါဘူး။ နောက်ပြီး မျှော်လင့်ချက်နဲ့ အလုပ်လုပ်ရတာလည်း အဆင်ပြေတဲ့အခါရှိသလို အဆင်မပြေခဲ့ရင် တော်တော်ဒုက္ခရောက်ပါတယ်။ မျှော်လင့်တာတွေ ဖြစ်မလာခဲ့ရင် မမျှော်လင့်တာတွေ ဖြစ်လာတတ်ပါတယ်။ Misfortune never come alone! ဆိုသလိုပဲ ဘဝမှာမကောင်းမှုက အကျိုးပေးလာပြီဆို အပေါင်းအဖေါ်နဲ့လာတတ်ပါတယ်။ ဦးဇင်းရဲ့မကောင်းမှုက အကျိုးပေးနေသလားပဲ ခုတလော ဘာလုပ်လုပ်အဆင်မပြေဘူးဖြစ်နေပါတယ်။ ဘဝမှာယုံကြည်မှုမရှိတဲ့ သူဟာ မအောင်မြင်နိုင်ဘူးလို့ ယူဆထားတာ ခု ယုံကြည်မှုရှိလို့ ဆုံးရှုံးရသလို ဖြစ်နေပြီ ဘဝကိုလွယ်လွယ်နဲ့ အရှုံးမပေးနဲ့ဆိုပြီး ရှေ့ဆက်တိုးရမလား ဝမရှိပဲ ဝိလုပ်လို့ မိုက်ရူးရဲဆန်သလိုများဖြစ်နေမလား။ မျှော်လင့်တာတွေ ဖြစ်မလာတာကို ထပ်ပြီးတော့ မျှော်လင့်နေရမှာလား/ တခုကအဆင်မပြေသေးဘူး နောက်တခုကို ထပ်စွန့်စားရမလား။ မစွန့်စားရင် စိတ်ဓာတ်ပျော့ညံ့တာလား စွန့်စားရင်ရော မိုက်ရူးရဲဆန်သလိုဖြစ်နေမလား။ ဘဝမှာ မသေချာ မရေရာတာတွေများနေတယ်။ များဆို အားလုံးလိုလိုပါပဲ ဘဝမှာ သေချာတာဘာရှိလဲ။ ရှိပါတယ် သေချာတာကတော့ တနေ့သေရမှာပါပဲ။ ဒါဆို ဘာလို့ မသေချာတဲ့ နေဖို့ကိုဘာလို့ လုပ်နေကြတာလဲ သေချာတဲ့သေဖို့ကိုပဲ လုပ်သင့်တယ်မလား ဒါကလဲတခါတလေ စဉ်းစားမိတဲ့အတွေးပါ ဘာဖြစ်လို့လဲဆိုတော့ ပါပသ္မိံရမတိ မနော ဆိုတဲ့အတိုင်း စိတ်ကမကောင်းမှုမှာပဲ ပျော်မွေ့ နေတော့ ခက်တယ်။ ဒါကြောင့် စိတ်ကို ကောင်းမှုမှာပဲ ပျော်မွေ့ ပြီး စိတ်ကိုအောင်နိုင်သူဖြစ်အောင် ကြိုးစားမှဖြစ်တော့မယ်။

သင့် ဆီကဝေဖန်ချက်ကြံပြုချက်များကိုလည်းရှင်ယောဆိုက်မှကြိုဆိုလျှက်ပါ