Tuesday, December 6, 2011

Ashin Yaw Theory

 မရှိ
ရာဂနှင့်တူသော မီးသည် မရှိ။
ဒေါသနှင့်တူသော အပြစ်သည် မရှိ။
မောဟနှင့်တူသော အမိုက်မှောင်သည် မရှိ။
ခန္ဒာနှင့်တူသော ဆင်းရဲသည် မရှိ။
နိဗ္ဗာန်နှင့်တူသော ချမ်းသာသည် မရှိ။

လောက၏ ချမ်းသာသုခ ၆ ပါး
  • ၁။ စီးပွားဥစ္စာရခြင်း၊
  •  ၂။ အနာရောဂါကင်းခြင်း 
  •  ၃။ ချစ်သူ 
  • ၄။ ချစ်ဖွယ်စကားပြောကြားတတ်သည့် မယား
  • ၅။  စကားနားထောင်တတ်သည့်သား
  • ၆။ အကျိုးစီးပွားကို ပြုတတ်သည့် ပညာ


အကိုယ့်ဘာသာ သာသနာ တိုးတက်ချင်ရင် ဘာသာရေး လုပ်ရတယ် ဘာသာရေးအကြောင်းဆွေးနွေးရတယ်။ ကိုယ့်နိုင်ငံ တိုးတက်ချင်ရင် နိုင်ငံရေးလုပ်ရတယ်၊ နိုင်ငံရေး အကြောင်းဆွေးနွေးရတယ်။ နိုင်ငံရေး မလုပ်ရလို့တားမြစ်တာဟာ ကိုယ့်နိုင်ငံကို တိုးတက်အောင် မလုပ်ရလို့တားမြစ်တာနဲ့ အတူတူပါပဲ။
24,08,2011        by-Ven.Visuddha

The more we discover, the more we find we don’t know.
Special thanks also go to all my teacher who give us knowledge, the way of true life, and thanks all my love friend in the Dhamma for the attention my topic, all mistakes, errors and omissions are mine alone.

ရှေးကဆို ဇာတ်သဘင်သမားတွေကို အထင်မကြီး အလေးမထားပေမဲ့ ခုခေတ်မှာတော့ ရုပ်ရှင်မင်းသားမင်းသမီးတွေကိုအထင်ကြီးလေးစားကြတယ်။  24,08,2011  
ဆရာ
ဆရာဆိုတာ အနန္ဒငါးပါးထဲမှာ ပါတယ်။ ဆရာဆိုတာ ကျောင်းသားတွေ တပည့်တွေရဲ့အပေါ်မှာ ထားအပ်တဲ့ စေတနာ မေတ္တာ အကြဉ်နာတွေရှိတတ်ကြတယ်။ ဆရာတွေမှာ ရှိတတ်တဲ့ဂုဏ်အင်္ဂါတွေနဲ့လည်း ပြည့်စုံတတ်ကြတယ်။ အင်မတန်မှ လေးစားစရာ ဂုဏ်ယူစရာ ကောင်းပြီး ပြောပြလို့မကုန်နိုင်တဲ့ ကျေးဇူးတွေ ရှိလို့ အနန္ဒ ကျေးဇူးရှင်တွေလို့ခေါ်ပါတယ်။ ဒါပေမဲ့ အချို့ဆရာတွေဟာ အချို့သော ကျောင်းသားတွေရဲ့အပေါ်မှာ စေတနာ မေတ္တာတွေမဲ့ပြီး တပည့်တွေကို ပျက်စီးစေတတ်ပါတယ်။ ဥပမာ အင်္ဂုလိမာလ ကိုလက်ညှိုးတထောင် အဖြတ်ခိုင်းတဲ့ဆရာ အစာတသတ်ကို အဖေသတ်ခိုင်းတဲ့ ဆရာဒေဝဒတ်လိုပေါ့။ ဘဝတခုကိုတည်ဆောက်တဲ့အခါ ဒါမှမဟုတ် ဘဝသံသရာကို လျှောက်လှမ်းတဲ့အခါမှာ ဆရာကောင်းနဲ့တွေ့ဖို့ဟာ အဓိကအခန်းကဏ္ဍမှာပါတယ်။ ဆရာပေါင်းမှားရင် ဘဝမှာပျက်စီး ဆုတ်ယုတ်စေသလို သံသရာမှာလည်း လူချမ်းသာ နတ်ချမ်းသာကိုမရနိုင်သလို နိဗ္ဗာန်ဆိုတာဝေလာဝေး လူ့ဘုံမှာတောင် လူဖြစ်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ဆရာပေါင်းမှားရင် အဇာတသတ်လို ငရဲဘုံမှာ ခံစားရပါလိမ့်မယ်။ ခုလိုသာသနာနဲ့ ကြုံပြီး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာတသိန်း အသက်သွေးချွေးတွေနဲ့ ဖြည့်ကျင့်ပြီးမှ သိလာရတဲ့ တရားတော်တွေရှိပါလျက်နဲ့ တရားတော်တွေ ဟောပြမယ့်သူတွေရှိပါလျက်နဲ့ မကောင်းမှု အကုသိုလ်တွေပဲ လုပ်နေကြပြီး အပါယ်ငရဲကိုသွားရမယ်ဆိုရင်တော့ နောက်တခါ ဒီလိုအခွင့်အရေး ကြုံဖို့ဆိုတာ  ဒီကမ္ဘာမှာတော့ ဖြစ်နိုင်တော့မယ်မထင်ပါ။ 24,08,2011   by- Ven.Visuddha

သူတပါးကို လိမ်ညာလှည့်ဖျားပြီးမှ ဘဝကို ရပ်တည်နေကြတဲ့သူတွေ သင်တို့ ဘဝတွေကို သနားတယ်။ သင်တို့လိမ်ညာပြီးရလာတဲ့ ပစ္စည်းတွေဟာ အဆိတ်တွေဆိုတာမမေ့နဲ့ သင်တို့ရဲ့ ဘဝ အဆက်ဆက်ကို ဖျက်ဆီးပစ်မဲ့ ပစ္စည်းတွေဆိုတာ သတိထား။
သူတပါးကို လိမ်ညာလှည့်စားပြီး သင်တို့ရဲ့ ဘဝကို မရပ်တည်ချင်ပါနဲ့။ လိမ်ညာ လှည့်စားပြီး ဘဝကို ရပ်တည်ရတာထက် ငတ်သေတာကမှ မြတ်ပါသေးတယ်။
ယောစ ဝဿသတံ ဇီဝေ အပဿံ ဥဒယတ္ဘယံ။
ဧကာဟံ ဇီဝိတာ သေယော ပဿတာ ဥဒယတ္ဘယံ။
ဒီပါဠိကတော့ ရုပ်နာမ်တရားတွေရဲ့ဖြစ်ပျက်ကို မမြင်ပဲ အသက်တရာနေရခြင်းထက် တနေ့တရက် တနံနက်မျှ ဖြစ်ပျက်ကိုမြင်ပြီး အသက်ရှင်ရခြင်းက ပိုမြတ်တယ်လို့ ဆိုတာပါ။
ကုသိုလ်ကောင်းမှု လုပ်နေတာတောင် ဖြစ်ပျက်မမြင်ဘဲ နဲ့ အသက်ရှင်နေရတာ မမြတ်ဘူးလို့ဆိုလိုပါတယ်။ ကလိမ်ကကျစ်လုပ်ပြီး လုပ်စားနေတဲ့ သူတွေအတွက်တော့ ဘာမှ ပြောစရာမလိုပါဘူး။
ကိုယ်ကောင်းစားဖို့အတွက် သူတပါးကို ထိခိုက်နစ်နာစေမဲ့အလုပ်မျိုးကိုမလုပ်မိပါစေနဲ့။  
အရှင်ဝိသုဒ္ဓ … 30,11,2011

သူတပါးဆီ လိမ်ညာလှည့်ဖျားလို့ရတဲ့ ငွေနဲ့ ပျော်ပါးစားသောက်မနေနဲ့ သင်တို့စားနေတာတွေဟာ အဆိတ်တွေဆိုတာ သတိထား။ ဒီအဆိတ်တွေက သင်တို့ ဘဝအဆက်ဆက်ကို ဖျက်ဆီးလိမ့်မယ်။
သမ္မာအာဇီဝနဲ့ ရလာတဲ့ငွေတွေဟာ ငွေဖြူတွေဖြစ်ပြီး ဒီငွေတွေကို လိမ်ညာ လှည့်စားသွားသူတွေဆီရောက်သွားရင် ငွေမဲ ဖြစ်သွားပါတယ်။ ထိုငွေမဲနဲ့ သုံးဆောင် နေထိုင်သူဟာ အဆိတ်ကို သုံးဆောင်နေသူဖြစ်တယ်။
အရှင်ဝိသုဒ္ဓ 1,12,2011


နိုင်ငံခြားမှာ ဒုံးကျည်တွေ လေယဉ်တွေ တီထွင်နေတဲ့ အချိန်မှာ ဒို့ရွာမှာ လှည်းလုပ်လို့ ကောင်းတုန်းပဲ။ နိုင်ငံခြားမှာ အထည်တွေကို အချိန်တိုအတွင်းမှာ ထောင်သောင်းချည် ထုတ်နေတဲ့ အချိန်မှာမြန်မာပြည်မှာရှိတဲ့  ဒို့ရွာမှာ လုံချည်တစ်ထည်ရဖို့ ၄ ရက်လောက်ယက်လုပ်နေရပါတယ်။ 
25,08,2011 – အရှင်ယော

Bodhisattva Never Disparaging
Someone who “venerated all people, repeating the phrase, ‘I have profound reverence for you, I would never dare treat you with disparagement or arrogance.  Why? Because you are practicing the Bodhisattva way and are certain to attain Buddhahood”’

Honesty is the best policy.
It’s also the most profitable.
We speak words which are truthful, brings harmony, kind and meaningful. The Buddha once said 'pleasant speech is sweet as honey, truthful speech is beautiful like a flower, and wrong speech is unwholesome like filth'. 30,09,2011


ခရီးသွားများ ချောမွေ့စေရန်
အများပြည်သူများ ခရီးသွားတဲ့အခါမှာ အလှည့်စားခံရပြီး သတ်မှတ်ထားတဲ့ နှုန်းထက် အဆမတန်တောင်းခံနေသဖြင့် ခရီးသွားသူများ မရှိသည့်ကြားမှ အအော်အငေါက်ခံပြီး ကားစုပ်တွေကို အဆမတန်ပေးစီးနေရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံ အနှံအပြားမှာ ဖြစ်နေမယ်လို့ထင်ပါတယ် ဘာလို့လဲဆိုတော့ ရန်ကုန်မြို့တော် အောင်မင်္ဂလာ အဝေးပြေးကားလိုင်းများမှာတောင် ဆိုးဆိုးဝါးဝါးဖြစ်နေလို့ပါ ဈေးနှုန်းကို သတ်မှတ်ထားတာမရှိတာလား ဒီလိုပဲ ဈေးနှုန်းတွေကို စည်းမရှိကမ်းမရှိ တောင်းချင်တိုင်း တောင်းလို့ရသလား သူတို့ပြောချင်တိုင်းပြော အော်ချင်တိုင်း အော်လို့ရသလား သူတို့ ပြောချင်တိုင်းပြော ဆိုချင်တိုင်းဆို တောင်းချင်တိုင်းတောင်း ထွက်ချိန်တဲ့အချိန်ထွက် ဒီလိုစည်းမရှိ ကမ်းမရှိ ဖြစ်နေတာဟာ ဘာကြောင့်ဘာလဲ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ ဘယ်သူ့ကို အကူညီတောင်းရမလဲ တိုင်ကြားလို့ရသလဲ ဖြေရှင်းလို့ ရသလဲ အများပြည်သူတွေကိုလည်း ဒီလိုအပြောအဆို မခံရအောင် အဆမတန်တောင်းတာတွေမခံရအောင် မတရားတာတွေကို ဘယ်လိုဖြေရှင်းမလဲ တိုင်ကြားလို့ ရသလဲဆိုတာ သိရအောင် ဆောင်ရွက်ပေးစေချင်လိုပါတယ်။ ဒီအတွေ့ အကြုံတွေကို ကိုယ်တိုင် အထက်မြန်မာပြည်မှ အောက်မြန်မာပြည်ထိ တွ့ကြုံခဲ့ရလို့ ကိုယ်တိုင်လည်းမခံချင်လို့ အများပြည်သူတွေကိုလည်းမခံစားစေချင်လို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ 
အရှင်ယော

No comments:

သင့် ဆီကဝေဖန်ချက်ကြံပြုချက်များကိုလည်းရှင်ယောဆိုက်မှကြိုဆိုလျှက်ပါ