Saturday, January 7, 2012

ပျော်ရွှင်စရာ ယောဒေသ

စိတ်ဝင်စားစရာ ပျော်ရွှင်စရာ ယောဒေသ
ယောနယ် ယောဒေသသည် စိတ်ဝင်စားစရာ ပျော်ရွှင်စရာ ဖြစ်၏။ တောတောင်မြိုင်စွယ် အသွယ်သွယ်နှင့် ကြီးငယ်စားစား မြစ်ချောင်းများဖြင့် တန်ဆာဆင်ထားလျက် တည်ရှိရာ တမျိုးတဖုံ ပျော်ရွှင်စရာ ဖြစ်လေသည်၊ ရာသီဥတု ရေမြေလည်း ကောင်းမွန်လေရာ ရိုးသားစွာ တောင်သူလယ်ယာ လုပ်ကိုင်စားသောက်သော သူများလည်းယင်း ယောဒေသကို ပျော်ပိုက်နှစ်ခြိုက်ကြသည်။
ယောဝှယပဒေသော နာမ၊ ဂိရိဝနာဒိမဏ္ဍိတော။
သောဘနော ရမဏီယောစ၊ ဇနေဟိ အဘိမာနိတော။
ယင်း ယောနယ်သည် ယခင်က ပခုကူခရိုင်အတွင်း ပါဝင်ခဲ့၏၊ ယောတွင်းနယ်ဟူခရိုင်အတွင်း ပါဝင်ခဲ့၏၊ ယောတွင်းနယ်ဟုလည်း ခေါ်ကြပါသည်။ ယင်းယောဒေသကို ယခင်က ယောနကတိုင်းဖြစ်သည်ဟု ဆိုကြသည်။
မုဏ္ဍဿ ပုတ္တော ပိတရံ၊ ဃာတေတွာ နာဂဒါသကော။                                         
စတုဝီသတိဝဿာနိ၊ ရဇ္ဇံ ကာရေသိ ပါပကော။
ဟူသည်နှင့်အညီ မစ်ဈိမဒေသ မဂဓနိုင်ငံတော် ရာဇဂြိုဟ်နန်းစံ ဘခင် မုဏ္ဍမင်းကို လုပ်ကြံလျက် မင်းပြုသော နာဂဒါသမင်းသည် မဂဓနိုင်ငံတော်တွင် ၂၄ နှစ်မင်းပြုခဲ့လေသည်။
ဖော်ပြပါ နာဂဒေသမင်းကို တိုင်းသူပြည်သားတို့က အဖသတ်မင်းဟု ပယ်ရှားကွပ်မျက်လျက် နိုင်ငံတော်အာဏာကို သုသုနာဂအမတ်ကြီးအား အပ်နှင်းကြကုန်၏။ ထိုအခါ နာဂဒေသမင်း၏သားတော် ဇလာမိကမင်းသားသည် ထီးနန်းကို မြှော်လင့်ချက် မရှိသည့်အပြင် အသက်အန္တရယ်ယ်လည်း စိုးရိမ်ရသဖြင့် မိမိ၏ အသင်းအပင်း ရဲမက်ဗိုလ်ပါများနှင့် အတူတကွ ယောနက ဒေသသို့လာရောက်နေထိုင်ကြလေသည်။
နာဂဒါသသ်သ ပုတ်တော တု၊ ဇလာမိက သနာမကော၊
ပတွာန ယောနကံ ဒေသံ၊ ဝသီ ပရိဇနေန သော။
ယောနကတိုင်း၏ နယ်နိမိတ်များမှာ အရှေ့လားသော် မြောက်ပိုင်းသောင်သွတ်ဖောင်းပြင်မှစ သလ်လာဝတီမြစ်ရိုး တလျောက် ကောက်ကောင်းစင်းစင်း ဧရာဝတီမြစ်အထိ ဖြစ်၏။ တောင်သို့လားသော် ဘုရားရှင်ခြေတော်ရာများ ကိန်းဝပ် တည်ရှိရာ မန်တာတောင်အထိ ဖြစ်၏။ အနောက်သို့လားသော် နဂရာဇ် တောင်ရိုးအတိုင်း မြောက်သို့လျောက်လျက် ဖိုးကောင်းတောင်ရိုး မလွဲယမုနာမြစ်အထိဖြစ်သည်။ မြောက်သို့လားသော် ကသည် ပြည် အက်ကပတ်ပြည် ရှမ်းပြည်မိုင်းအထိ ဖြစ်သည်။ ယင်းသို့ဖြင့် ပိုင်းခြားအပ်သော နယ်နိမိတ်များ၏အတွင်း အကျယ်အဝန်းကို ယောနကတိုင်းဟု သမုတ်ခဲ့ကြသည်။
ယောနကတိုင်းရှိ မြို့ကြီးများ
ယောနကတိုင်းတွင် ကလေးမြို့ တိမ်ညင်းမြို့ ရာဇဂြိုလ်မြို့ ဟူသော ကလေးမြို့ ယော ဆော လောင်းရှည် ထီးလင်းမြို့ ဟူသော ယောလေးမြို့နှင့် လောင်းတောင်ကင်းတို့ ဖြစ်သည်။
ယောတွင်းနယ်တွင် ယောမြို့နယ်နှင့် လောင်းရှည်မြို့နယ်တို့ ပါဝင်ခဲ့ကြကုန်၏။ ယောတွင်းနယ်၏ အရှေ့ဖက်တွင် ပေါက်မြို့နယ်နှင့် ပခုက္ကူနယ်၊ မြောက်ဖက်တွင် ပေါက်နယ်၊  အနောက်ဖက်တွင်  ချင်းတောင်တန်း တောင်ဖက်တွင် မင်းဘူးခရိုင်တို့ အသီးသီး တည်ရှိကုန်၏။
ယောမြို့နယ်၏ အရှေ့ဘက်တွင် ပေါက်မြို့နယ် မြောက်ဖက်တွင် ထီးလင်းမြို့နယ် အနောက်ဖက်တွင် ချင်းတောင်တန်းနှင့် တောင်ဖက်တွင် လောင်းရှည်နယ်တို့ အသီးသီး တည်ရှိကြကုန်၏။ ပခုက်ကူခရိုင်အတွင်း မြို့နယ်များကို အသစ်ပြန်လည် စီစဉ်စဉ်က ပခုက်ကူခရိုင် အနောက်ပိုင်းတွင် တောင်နှင့်မြောက် စီတန်းလျက် ဆော ထီးလင်း ဂန့်ဂေါဟု မြို့နယ် သုံးခု တည်ရှိလာခဲ့လေသည်။ ယင်းမြို့များကို ယောတောင်တန်းမြို့နယ်များဟု ခေါ်ကြသည်။
ယောနဂရံ ထီးလင်းပုရံ၊ ဂန့်ဂေါဝှသုပုရမ်ပိ စ။
ပဗ္ဗတစီရနဂရာနိ၊ အိတိ ဝဒန္တိ မာနုဇာ။



ယောထူပဝင်
ယောနယ်တွင် ဗုဒ္ဓဘာသာဝင် လူများစုတို့ နေထိုင်ရာဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင်တို့ ဦးတည်ရာ ဝတ်ပြုရာ ကိုးကွယ်ရာ ကုသိုလ်ကောင်းမှုပြုရာ ပုညတိတ်ထ ပုညဘာဇနများ ဖြစ်သော စေတီပုထိုးတို့လည်း များစွာ တည်ရှိကုန်၏။
ရွှေကွန်အုပ် ဘုရား
ထီးလင်းမြို့တွင် လွန်စွာတန်ခိုးကြီးမားသော ရွှေကွန်အုပ် ဘုရားတည်ရှိ၏၊ အင်းထဲတွင် ရွေကွန်နှင့်အုပ်မှ ရရှိသော ဓာတ်တော် မွေတော်တို့ကို ဌာပနာလျက် သက်ကရာဇ် ၄၅၂ ခုနှစ်တွင် ပုဂံပြည်တွင် နန်းတက်သည့် အလောင်းစည်သူမင်းတရားကြီး တည်ထားစေခဲ့လေသည်။
ယောပဒေသေ ထီးလင်းပုရေ၊ ရွှေကွန်အုပ် စေတိယံ ဘဝိ။                                                   တံ ဟိ တဒ္ဒေသဝါသီနံ၊ သုပုညဘာဇနံ ဘဝိ။
ရွှေပြည်ဆိပ်ဦးစေတီ
ဂန်ဂေါမြို့ မြောက်ကုန်းလေဆိပ်အနီးတွင်လည်း ရွှေပြည်ဆိပ်ဦးစေတီများ တည်ရှိကုန်၏၊ ယင်းစေတီတို့သည်လည်း အလောင်းစည်သူမင်းကြီး ကောင်းမှုတော်ဟု ဆိုကြကုန်၏။  ယောသူယောသားတို့၏ ဘုန်းကံကြောင့် အလောင်းစည်သူမင်းကြီး တည်စေခဲ့ရခြင်း ဖြစ်လေသည်။
ဂန့်ဂေါဝှပုရေ သေဋ္ဌေ၊ ရွှေပြည်ဆိပ်ဦး ထူပါပိ စ။
အဘဝုံ ယောသဉ္ဇာတာနံ၊ ဇနာနံ သဟိတာဝဟာ။
မုဋ္ဌောမြသိန်းတန်စေတီ
       ယောနယ်တွင် ထင်ရှားသော မင်းရွာတွင်လည်း မုဋ္ဌောမြသိန်းတန်စေတီတော်ကြီး တည်ရှိ၏၊ ယင်း စေတီတော်ကြီးကိုလည်း မင်းရွာရှိ ဒါယကာ ဒါယိကာမများ အနီးပတ်ဝန်းကျင်ရှိ ဒါယကာ ဒါယိကာမများ၏ ကုသိုလ်ပုညမျိုး ပျိုးချရာ ခေတ်တခေတ် ဖြစ်လေ၏။
မင်းရွာဝှဒေသသေဋ္ဌေပိ၊ မြသိန်းတန် စေတိယံ ဘဝိ။
မင်းရွာအာသန်နဝါသီနံ၊ ပုညတ္ထာယ ဟိတာယ စ။
ကျောင်းကြီးရှင်ချစ်ဘုရား
           ယောနယ် ယောမြို့တွင် ကျောင်းကြီးရှင်ချစ် စေတီသည်လည်း ထင်ရှားသော စေတီဖြစ်သည်၊ ရှေးက သာမဏေတပါးမှာ ချစ်ခင်ယုယစွာ ကျွေးမွေးပြုစုထားသော ကြောင်တကောင်ရှိ၏။ ယခု ဘုရားစေတီ တည်ရှိရာ တောထည်းသို့ ပြေးသွားလေရာ လိုက်လံ ရှာဖွေသည်တွင် စေတီတော်တဆူကို ကျောက်စာနှင့်တကွ တွေ့ရှိလေသည။ ယင်းသို့ တွေ့ရှိသည်ကို အများ ဒကာ ဒကာမတို့ သိကြလေရာ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ရှိကြပြီး မူလစေတီကိုငုံလျက် မွန်းမံကိုးကွယ်ကြကုန်၏။ သာမဏေချစ်သော ကြောင်ကို ရှာဖွေကြည့်ရှု့ရာတွင် တွေ့ရှိသော ဘုရားဖြစ်သဖြင့် ကြောင်ကြည့်ရှင်ချစ်ဟု ယခင်ကခေါ်ဝေါ် ခဲ့ကြသည်၊ ကာလကြာသော် ကျောင်းကြီးရှင်ချစ်ဟု တွင်လေသည်။
ကြောင်ကြည့်ရှင်ချစ်တိ ပုဗ္ဗေဟိ၊ သန္တေဟိ အဘိသမမတံ။
ကျောင်းကြီးရှင်ချစ်တိ သဗ္ဗေဟိ၊ အဓုနာ အဘိသမ်မတံ။
စွယ်တော်ရှင်ဘုရား
အင်းဝနန်းစံ တနင်္ဂနွေမင်းတရား လက်ထက်တွင် အနောက်ဂန့်ဂေါတွင် သီတင်းသုံးတော်မူသော အရှင်စန္ဒာလင်္ကာရ မဟာထေရ်၏ ကျောင်းတွင် လောင်စတာရွာသား မောင်ထွားအမည်ရှိသော ကျောင်းသားငယ်သည် မြစ်သာမြစ်အတွင်း ရေကူးကစားရင်း ရေအောက်ခြေတွင် ဝါဝါဝင်းနေသော အရာတခုကို တွေ့ရှိလေသည် ၄င်းသည် အခြားအရာမဟုတ် သမ္ဗုဒ္ဓထွက်ထား ဘုရားရှင်၏ စွယ်တော်ဖြစ်နေလေသည်၊  ၄င်းစွယ်တော်ကို အင်းဝနန်းစံ ရွှေနန်းရှင်ထံ ဆက်သကြကုန်၏၊ မင်းတရားသည် ယင်းစွယ်တော်ကို နန်းတော်ဦးတွင် တရိုတသေထားလျက် ကိုးကွယ်တော် မူလေသည်။ သို့ရာတွင် စွယ်တော် မြတ်သည် အနောက်ဂန့်ဂေါ အရှင်စန္ဒာလက်ာရ ကျောင်းသို့ ပြန်လည်ပင့်ဆောင်စေလေ၏။  သို့ရာတွင် သုံးကြိမ်တိုင် ယောဒေသသို့ ပြန်ကြွတော်မူရာ နောက်ဆုံးအကြိမ်တွင်မူ ဂန့်ဂေါမြို့အရှေ့ လောင်တောင်ရွာ တောင်ကုန်းထိပ်တွင် စမ္ပယ်တော်မူသည်။ နောက်တွင် အနောက်ဂန့်ဂေါတွင် ဘုရင့်အမိန့်အရ စွယ်တော်ကို စေတီအတွင်း ဌာပနာသွင်းလျက် စေတီတည်ထား ကိုးကွယ်ခဲ့ကြလေသည်။ ယင်းစေတီသည် ယခုတိုင် တည်ရှိသည့် လူနတ်ဦးခိုက် ပူဇော်ထိုက်သည့် စွယ်တော်ရှင် မြတ်စွာဘုရားကို နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ယင်း စွယ်တော်ရှင် မြတ်စွာဘုရားကို နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ပွဲတော်ကျင်းပ ပူဇော်ရာ လွန်စွာမှ စည်ကားလှသည်ဟု သိရသည်။
 စွယ်တော်ရှင်ဝှ စေတိယမ္ပိ၊ ဂန့်ဂေါဝှသုပုရေ သုဘေ။                                                       ဌိတံ သုဇနပူဇာယ၊ သာဓူနံ မာနနာယ ဝေ။
ထိုသို့ဖြင့် ယောဒေသသည် ယောသားယောသူ သူတော်စင်တို့ အစဉ်ထာဝရ ဦးခိုက်ပူဇော်ရာ စေတီပုထိုးတို့လည်း များစွာ တည်ရှိရာ ဗုဒ္ဓဘာသာဝင်တို့၏ ပတိရူပဒေသ စစ်မှန်လှပေသည်။
သာသနာရောင် တောက်ပြောင်ထိန်လင်းရာ 
ယောဒေသသည် ဘုရားမြတ်စွာ သာသနာရောင် တောက်ပြောင်ထိန်ဝင်း လင်းလက်ရာ ဒေသမွန်လည်း ဖြစ်ပေသည်။ အရှင်မေဂလိပုတ္တတိဿထေရ်သည် သာသနာသက္ကရာ် ၂၃၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်တွင် သီရိဓမ်မာ သောကမင်းအား ပန်ကြား အသိပေးလျက် ကိုးတိုင်းကိုးဌာနတို့သို့ သာသနာပြု စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ ကိုးတိုင်းကိုးဌာန သာသနာပြု စေလွှတ်ကြောင်း-
·         သာသနဿ ပတိဋ္ဌာနံ၊ ပစ္စန္တေအဝေက်ခိယ။                                                ပေသေသိ ကတ္တိကေ မာသေ၊ တေတေ ထေရေ တဟိံတဟိံ။
·         ထေရံ ကသ်မီရဂန္ဓာရံ၊ မဇ္ဈိန္တိက မပေသယိ။                                       အပေသယိ မဟာဒေဝ-တ္ထေရံ မဟိသမဏ္ဍလံ။
·         ဝနဝါသိံ အပေသေသိ၊ ထေရံ ရက်ခိတနာမက၊ံ
                    တထာ ပရန္တံ ယောန-ဓမ်မရက်ခိတာနာမကံ။
·         မဟာရဋ္ဌံ မဟာဓမ်မ-ရက်ခိတတ္ထေရနာမကံ။
မဟာရက်ခိတ ထေရံ တု၊ ယောနလောက မပေသယိ။
·         ပေသေသိ မဇ္ဈိမံ ထေရံ၊ ဟိမဝန္တပဒေသကံ။
သုဝဏ္ဏဘူမိံ ထေရေ ဒွေ၊ သေဏဥတ္တရမေဝ စ။
·         မဟာမဟိန္ဒ ထေရံ တံ၊ ထေရံ အိဋ္ဋိယမုတ္တိယံ။
သမ္ဗလံ ဘဒ္ဒသာလံ စ၊ သကေ သဒ္ဓိဝိဟာရိကေ။
·         လင်္ကဒီပေ မနုညမှိ၊ မနုညံ ဇိနသာသနံ။
ပတိဋ္ဌာပေထ တုမှေဟိ၊ ပဉ်စ ထေရေ အပေသယိ။

ဟူသော ၇ ဂါထာဖြင့် မဟာဝံသတွင် ဖော်ပြခဲ့လေသည်။

ယောဒေသ သာသနာအစ
ယောဒေသ ယောနယ်တွင် သာသနာ စရောက်သည်မှာ ဘုရားရှင် လက်ထက်ကစ ရောက်သည်ဟု ဆိုနိုင်ပေသည်၊ ဘုရားရှင် သက်တော်ထင်းရှား ရှိစဉ်ကပင် ရဟန္တာပုဂ္ဂိုလ်ကြီးများ အချို့  ဆိတ်ငြိမ်လှသော ဒီယောဒေသသို့ ကြွရောက်တော်မူကြလျက် ဖလသမာပတ်များ ဝင်းစားလျက် နေတော်မူကြမည်ဟု မှန်းဆ သိရှိနိုင်ပါသည်။
             ၎င်းအပြင် အထက်ဖော်ပြပါ ကိုးတိုင်း ကိုးဌာန သာသနာပြု စေလွှတ်စဉ်က ယောနက တိုင်းသို့ မဟာဓမ်မရက်ခိတမထောရ် အမှူးရှိသော ရဟန်း ၅ ပါး ကြွရောက် သာသနာပြုတော်မူခဲ့ လေသည်။ (Indiea ကျောက်စာဌာနကမူ ယောနကတိုင်းသည် Indiea အနောက်ပိုင်း ပန်ဂျပ်နယ် အနောက်ဖက် အိန္ဒုမြစ် အနောက်ဖက် ဒေသဖြစ်ကြောင်း ညွန်ပြကြကုန်၏)
             သို့ဖြင့် ယောနယ်သည် စောစီးစွာကပင် ဘုရားမြတ်စွာ သာသနာ ရောက်ရှိထွန်းလင်း ခဲ့လေသည်။

·         ပဋိကစ်စေဝ သမ္ဗုဒ္ဓေ-သာသနံ သမ္ပဝတ္တတိ။
ယေပဒေသေ ဝသန္တာနံ၊ သန္တာနံ သုဟိတာဝဟံ။

ပုဂံခေတ် ယောသာသနာရောင်
သက်ကရာဇ် ၄၅၄ -ခုနှစ်တွင် ပုဂံတွင် နန်းတက်သော အလောင်းစည်သူ မင်းကြီး ထီးလင်းမြို့တွင် ရွှေကွန်အုပ်ဘုရား တည်ခြင်းတို့ကိုထောက်ရှုပါက ပုဂံခေတ်ကလည်း ယောဒေသတွင် သာသနာ တောက်ပ ထွန်းလင်းကြောင်း သိသာလေသည်၊ ရွှေကွန်အုပ် ဘုရားမတည်မီက၎င်း၊ တည်ပြီးနောက် ၎င်း အဆက်မပြတ် ရဟန်းသံဃာတော်တို့ ဘုရားအဆုံးအမ ပိဋကတို့ ယောဒေသတွင် ဟောပြောပို့ချမှု ရှိကြောင်း သံသယမဲ့ မှတ်ရာ၏။
၎င်းပြင် ပေါင်လောင် အရှင်ကဿပ ထေရ်သည် ယောနယ်တဝိုက် ကြွတော်မူလျက် တရားဓမ်မ ဟောညွှန်ပြ သာသနာပြုတော်မူပြီး ပုံတောင် ပုံညာနှင့် မဟူတောင်ဆုံတဲ့ နေရာမှာ စံလွန်တော်မူသည် ဟု အဆိုရှိလေရာ ပုဂံခေတ်ကလည်း ယောဒေသတွင် ဘုရားမြတ်စွာ သာသနာရောင် တောက်ပြောင် ထိန်ဝင်း လင်းလက်ခဲ့ကြောင်း သိသာလေသည်။
·         ပုဂံကာလေပိ သမ္ဗုဒ္ဓ-သာသနံ သမ်မ ဇောတယီ။
·         သုဝိသိဋ္ဌေ ယောပဒေသေ၊ နေကေသံ သုဟိတာဝဟံ။

အင်းဝခေတ် ယောသာသနာရောင်
အင်းဝခေတ်တွင်ကား ယောဒေသတွင် သာသနာပိုမို ပွင့်လင်း စည်ပင်ခဲ့လေသည်၊ ခေတ်အဆက် ဆက် တည်ထောင်ခဲ့သော သာသနာ့ အုတ်မြစ်လည်းခိုင်ခံ့ကူပင့် လေရကား သာလွန် စည်ပင်ခြင်း ဖြစ်လေသည်။ အနောက်ဂန့်ဂေါတွင် စွယ်တော်ရှင် စေတီတည်စဉ် ရဟန်းသံဃာတော်များ မည်မျှ များစွာ သီတင်းသုံးခဲ့ကြမည်ကို မှန်းလျက် ကြည်နူးနိုင်လေသည်။
ယောမူ ကင်္ခါနိဿယကျမ်းပြု
ပရိယတ္တိ သာသနာတော်တွင် ထင်ရှားလှသော ယောမူ ကင်္ခါဝိတရဏီ အဋ္ဌကထာ နိဿယကျမ်းကြီးကို ပြုစီရင်တော်မူခဲ့သော ယောဆရာတော်ဟု ကျော်စောကိတ္တိရှိသော ကျော်အောင်စံထား ဆရာတော်၏ တပည့် ဆရာတော် အရှင်ဇောတယန္တသည် ပခန်းနယ်ဇာတိ ဖြစ်၏။ တိုင်းပြည် မငြိမ်မသက် ဖြစ်သဖြင့် သီတင်းသုံးရာ ပခန်းစည်သူ့ရှင်ဘုရား အနောက်မျက်နှာ မတောင့်တကျောင်းမှ ယောဒေသသို့ ကြွရောက် သီတင်းသုံးတော်မူသည်၊ ယောအကြွ မြိုင်မြို့အရှေ့ ဖက် ၅- မိုင်ခန့် ကွာလှမ်းသော ကျောက်ဆောက်ရွာ ရွှေကျောင်းတွင်ခေတ္တ သီတင်းသုံးတော်မူလျက် ရေးလက်စ ကင်္ခါနိဿယကို ဆက်လက် ရေးတော်မူသည်ဟု သိရသည်။ ထို့နောက် ယောသို့ ဆက်ကြွတော်မူလျက် ပေါက်အနောက်ဖက် လူရှင်တို့နှင့် မရောပြွမ်းသဖြင့် တိတ်ဆိတ်သော ကျောင်းတွင် သီတင်းသုံးတော်မူပြီး ယောမူ ကင်္ခါနိဿယကို သက်ကရာဇ် ၁၁၁၁-ခု နှစ်တွင် အပြီးသတ် ရေးစီရင်တော် မူခဲ့လေသည်။ ယင်းမထေရ်မြတ်ကား သမ်မာသမ္ဗုဒ္ဓ သဗ္ဗညုဆုကြီးပန်ပုဂ္ဂိုလ်ထူးပေတည်း။ ယင်းသို့ဖြစ်ကြောင်း-
·     အဟံ တု ပရမံ ဗောဓိံ၊ အပ္ပတ္တော အမှိ တတ္တကံ။
သဒါ ပူရေ ပါရမိယော၊ တတ္တကံ စ ဘဝေ ဘဝေ။
·     ပူရယိတွာ တံပတွာန၊ သဗ္ဗံ လောကံ သဒေဝကံ။
သံသာရဏ္ဏဝဝုယှန္တံ ဘဝသာဂရာ။
ဟူသော ၂ ဂါထာဖြင့် ကင်္ခါနိဿယ နိဂုံးတွင် ဖော်ပြခဲ့လေသည်။

·     အင်းဝရာဇသမယေပိ၊ ဘူရိပညဿ သာသနံ။
ယောပဒေသေ သုဇောတယီ၊ အိတိ သလ်လက်ခယေ ဝိဒွါ။


ကုန်းဘောင်ခေတ် ယောသာသနာရောင်
                ကုန်းဘောင်ခေတ်တွင်လည်း ယောဒေသတွင် သာသနာ စည်ပင်ခဲ့သေည်၊ အမရပူရမြို့တွင် နန်းတက် သည့် ဘိုးတော်မင်းတရား လက်ထက်တွင် မောင်းထောင် သာသနာပိုင် ဆရာတော် ဘုရားကြီးသည် ယောနယ် အပါအဝင် (ယောနကတိုင်း) ကလေးမြို့သို့ အာသဘဓဇ မဟာရာဇဂုရု ဘွဲ့တဆိပ်တော်ရ ဆရာတော် အရှင်အာသဘကို နောက်ပါရဟန်းတော် ၄ ပါးနှင့်တကွ သာသနာပြုစေလွှတ်တော်မူခဲ့ လေသည်။

ဂိုဏ်းအုပ်ဆရာတော် အရှင်တေဇောဒီပ
အမရပူရခေတ် သက်ကရာဇ် ၁၁၈၃-ခုနှစ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထ အဝမြို့တည် နန်းတည် မင်းတရားလက်ထက်တွင် ယောနယ် တောမရွာတွင် သီတင်းသုံးတော်မူသော အရှင် တေဇောဒီပသည် အတွင်းရှဲ ပရဝုဏ်အတွင်း အင်္ဂါထောင့်ရှိ ကြေးခေါင်းလောင်းကြီးရှိ အောက်ပါ ခေါင်းလောင်းစာအရ သိနိုင်သည်။
ခေါင်းလောင်းစာ
စိရံ တိဋ္ဌတု  သာသနာတော် ၂၃၆၅ ၊ ကောဇာသကြဇ် ၁၁၈၃ -ခု ရောက်သောအခါ တောမ၊ အတွင်းရှဲ ဂိုဏ်းအုပ်တော်ဘွဲ့ကြီးရှင် တေဇောဒီပ။ ဆိတ်ချေးဇာတိ ရှင်ဂုဏသာရ အရှင်သုမြတ်တို့၏ တပည့် မင်းရွာ အရှေ့ ရွှေကျောင်းကြီးတွင် သီတင်းသုံးသော အရှင်မဟာဓမ်မသာရ မထောရ်သူမြတ်သည် ကြေးအချိန် ၄၇၀- ကို နေပြည်တော်ကြီးတွင် သွန်းလုပ်လျက် ဓမ်မာသောကမင်း ကောင်းမှု မင်းရွာ မြောက် မြစ်သာ ကမ်းထိပ်ဖျားတွင် တည်ထားတော်မူသော မုဋ္ဌောမြသိန်းတန် စေတီတော် မြတ်အား ဆြာတကာစုတို့ သဒ္ဒဒါန ခေါင်းလောင်းကြီးကို လှူဒါန်းပါသည်။ ထိုကောင်းမှု၏ အကျိုးအားဖြင့် လောကုတ္တရာမြတ်ကို အကျွန်ုပ်တို့တစု ရပါလို၏။  ထိုကောင်းမှု၏ အဖို့ကို မွေးသည်မိခင် ဖခင် ဆြာသမား ရေမြေ့ရှင်မစ သုံးဆယ့်တဘုံ ကျင်လည်ကုန်သော ဝေနေယျ သတ်တဝါ အပေါင်းတို့ကို လည်း အမျှဝေပါ၏။ သမံ လဘတု။

ထီးလင်းဆရာတော် အရှင်ဝီရိယ
          ၎င်းအပြင် အမရပူရ ဒုတိယမြို့တည် လောကမဏိစူဠာစေတီ ဒါယကာ မင်းတရား လက်ထက်တွင်လည်း ကျမ်းဂန်တတ် ဆရာတော်များကို ဘွဲ့တံဆိပ်တော်များ ဆက်လက်လှူဒါန်းရာတွင် ထီးလင်းဆရာတော်ကို ဝီရိယာဘိဝံသ မဟာဓမ်မ ရာဇာဓိရာဇဂုရု ဘွဲ့တဆိပ်တော် ကပ်လှူကြောင်း သိရသည်။
         ၎င်းအပြင် ရတနာပုံ ပဌမမြို့တည်နန်းတည် ပဉ္စမသံဂါယနာတင် မင်းတရားကြီးလက်ထက်တွင် ဝီရိယဝရ အရိယယံသ မဟာဓမ်မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ကို အလှူခံ ရပြန်သည်။

မှတ်ချက်။ ။ စာလုံးပတ်ဆင့်များ ရိုက်မရသဖြင့်အဆင်ပြေသလိုရိုက်လိုက်ရပါတယ် ခွင့်လွတ်ပါ။
သင့် ဆီကဝေဖန်ချက်ကြံပြုချက်များကိုလည်းရှင်ယောဆိုက်မှကြိုဆိုလျှက်ပါ