Wednesday, April 7, 2010

Thursday, April 1, 2010

ကြိုမသိမှု ဤငါးခု

ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေ ပနံဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ၊ အနိမိတ္တာနနာယရေ။
သာဓဝေါ၊ နှစ်လုံးပျော့ပြောင်းသူတော်ကောင်းအပေါင်းတို့။ ဇီဝိတဉ္စ၊ ဘယ်အသက် ဘယ်အရွယ်မှာ သေရမယ်ဆိုတဲ့ အသက်ကိုလည်းကောင်း။ အနိမိတ္တာ၊ ပိုင်းခြားသတ်မှန်ချက်မရှိတဲ့အတွက်ကြောင့်။ နနာယရေ၊ မသိအပ် မသိနိုင်မသိကြရပါပေကုန်တကား...
ကိုယ်နေရမဲ့ အသက်တန်းကို ဘယ်အသက် ဘယ်အရွယ်မှာ သေရမယ်ဆိုတာ မသိနိုင်ကြဘူး။ ဘုရားရှင်ကိုတော်မြတ် ပွင့်တော်မူတဲ့ကာလမှာ လူ့သက်တန်းဟာ (၁၀၀) တမ်းရယ်လို့ ဒီလိုကမ္ဘာကသတ်မှတ်ထားကြတယ်။ ဒီကနေ့ (၁၀၀)ရောက်တဲ့ ပုဂ္ဂိုလ်ဟာ သိပ်ရှားပြီးတော့ (၁၀၀) အောက်မှာပဲ များသောအားဖြင့် သေကြရတယ်။
ထားပါတော့ (၁၀၀) တန်းလို့ ပိုပိုလေးပဲ တွက်ထားလိုက်ပါတော့။ ဒါမှနေသာထိုင်သာရှိမှာ (၇၅) နှစ်သေလိမ့်မယ်ဆိုတာ သိနေရင်တော့ သေဖို့နီးလာပြီ ကပ်လာပြီဆိုတာနဲ့ပဲ စိတ်ကမအေးတော့ဘူး။ ဒီတော့ပိုပိုသာသာတွက်ထား (၁၀၀)တမ်း ဘာဖြစ်လဲ ဟုတ်လား
လောကမှာ အများသဘောဖြစ်တတ်တာလေးကို သြော် ဒီလိုတော့ဖြစ်တာပဲဆိုပြီး သဘောတူထားလိုက်ရတဲ့ သဘောပေါ့။ ဘယ်သူကမှ ဟေ့မင်းတို့အသက်(၁၀၀) နေကြဟေ့လို့ သတ်မှတ်ပေးတာရှိလား မရှိဘူး နော် ဒါဖြင့် အသက်တမ်းကို ကြိုတွက်လို့မရဘူးပေါ့။
နောက်တခုက ဘာလဲဆိုတော့..
သာဓဝေါ၊ နှစ်လုံးပျော့ပျောင်း သူတော်ကောင်း အပေါင်းတို့။ ဗျာဓိ၊ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတဲ့ သေရမဲ့ရောဂါကိုလည်းကောင်း။ အနိမိတ္တာ၊ ပိုင်းခြားသတ်မှတ် မရှိအပ်တဲ့အတွက်ကြောင့်။ နနာယရေ၊ မသိအပ် မသိနိုင် မသိကြရပါပေကုန်တကား....
ဘယ်အနာ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတာကိုလည်း မသိနိုင်ကြဘူးတဲ့။
ဟာတို့ကတော့ အသက်(၉၀) ကျော်အောင်နေဦးမယ်။ ဟေ့-တို့ကတော့ (၁၀၀)ကျော်အောင်နေဦးမယ်။ အသက်တမ်း သတ်မှတ်ထားတာ မရှိပါဘူး။ ကြိုတင်မသိနိုင်ဘူးပေါ့။ သသက်တမ်းကိုမသိသလိုပဲ သေရမယ့် ရောဂါကိုလည်း မသိကြပါဘူး။
ကျုပ်တို့ကတော့ဗျာ ကင်ဆာရောဂါကြီးနဲ့တော့ မသေချင်ပါဘူး။ ဘယ်ရောဂါနဲ့ သေရအောင်ဆိုပြီး ဘယ်နေရာသွားပြီးစာချုပ်ချုပ်ထားလို့ ရသလဲမေးရင် မရပါဘူး။ အဲဒီလိုများ သဘောတူညီချက်ကလေး လုတ်ထားလို့ ရသလား။ မရဘူးနော်။
ဒါကြောင့် ဗျာဓိ အနာရောဂါကြိုတွက်လို့ မရဘူးလို့ ပြောတာပေါ့။
နောက်တစ်ခုက ဘာလဲဆိုတော့-
သာဓဝေါ၊ နှစ်လုံးပျော့ပျောင်း သူတော်ကောင်းအပေါင်းတို။ ကာလောစ၊ ဘယ်အချိန်မှာ သေရမယ်ဆိုတဲ့ သေရမယ့်အချိန်ကိုလည်းကောင်း။ အနိမိတ္တာ၊ ပိုင်းခြားသတ်မှတ် မရှိအပ်တဲ့အတွက်ကြောင့်။ နနာယရေ၊ မသိအပ် မသိနိုင် မသိကြရပါပေကုန်တကား...
သေရမယ့် အချိန်ကိုလည်း ကြိုတွက်လို့ မရဘူးတဲ့။ ညပိုင်းသေရင် မကောင်းဘူး မနက်ခင်းသေရင်ကောင်းမလား။ ဆောင်းရာသီသေရင် အေးလွန်းလို့ နွေခေါင်ခေါင်သေရင် ကောင်းမလား နွေခေါင်ခေါင်သေရင် ပူလွန်းလို့ မိုးတွင်းသေရင် ကောင်းမလား။
ရသီရော ဥတုရော အချိန်တွေရော ကြိုကြိုတင်တင် တွက်တွက်ချက်ချက်သတ်မှတ်လို့ ရနိုင်သလား။ မရနိုင်ပါဘူး။ ဒါလည်းကြိုမသိမှု တစ်ခုပါပဲ။ သုံးခုရှိပြီနော်။
နောက်တစ်ခုက ဘာလဲဆိုတော့
သာဓဝေါ၊ နှစ်လုံးပျော့ပျောင်း သူတော်ကောင်း အပေါင်းတို့။ ဒေဟနိက္ခေပနံ၊ မိမိ၏ ရုတ်အလောင်းမြှုတ်နှံရမယ့် သုဿာန်ကိုလည်းကောင်း။ အနိမတ္တာ။ ပိုင်းခြားသတ်မှတ် မရှိအပ်တဲ့ အတွက်ကြောင့်။ နနာယရေ၊ မသိအပ် မသိနိုင် မသိကြရပါပေကုန်တကား....
နံပါတ်(၄) ကတော့
ကိုယ့်အလောင်းမြှုတ်နံရာ သုဿာန်သချိုင်းကိုလည်းပဲ ပိုင်းခြားသတ်မှတ် မသိအပ်တဲ့ အတွက်ကြောင့် ဘယ်နတ်ဗြဟ္မာ ဘယ်သတ္တဝါကမှ မစိကြဘူးတဲ့။
ဒါပေမယ့် ဘယ်သူမှ ဆိုတဲ့စကားကို ချွှင်းချက်ထုပ်လိုက်ကြရအောင်။ သောတာပန်လောက်မှ အနည်းဆုံးမဖြစ်သေးတဲ့ သာမန်ပုထုဇဉ်တွေကိုပြောတာပါ။ သောတာပန်ဖြစ်ပြီဆိုရင်တော့ သေခြာပြီပေါ့။ အဲဒီတော့ သောတာပန်ဟာ ဈန်တွေ အဘိဥာဉ်တွေရထားတဲ့ သောတာပန်ဆိုရင် ဒီသောတာပန်ဟာ ဗြဟ္မာ။ အဲဒီလို အရိယာဖြစ်ပြီဆိုရင်တော့ ပိုသေခြာတာပေါ့။ မသိဘူးပြောတာက ပုထုဇဉ် သာမညကိုပြောတာပါ။
ကိုင်း-ထားပါတော့ နံပါတ်(၄) ကတော့ ကိုယ့်အလောင်းခန္ဒာ စွန့်ပစ်ရမယ့်နေရာ သို့မဟုတ် သင်္ချိုင်းကိုလည်း မသိကြရဘူး။
နောက်တစ်ခုက ဘာလဲဆိုတော့
သာဓဝေါ၊ နှစ်လုံးပျော့ပျောင်း သူတော်ကောင်း အပေါင်းတို့။ ဂတိစ၊ သေပြီးသည့်နောက် ရောက်ရမယ့် နောက်ဘဝ ဂတိ တစ်မျိုးမျိုးကိုလည်းကောင်း။ အနိမိတ္တာ၊ ပိုင်းခြားသတ်မှတ် မရှိအပ်တဲ့ အတွက်ကြောင့်။ နနာယရေ၊ မသိအပ် မသိနိုင် မသိကြရပါပေကုန်တကား...
သတ္တဝါမှန်သမျှ သေပြီးသည့်နောက် သွားရမယ့် ရောက်ရမယ့် ဂတိကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ဘူးတဲ့။ ကျမ်းဂန်များမှာ ဆိုပါတယ်။
၁။ ဒေဝဂတိ၊ နတ်ပြည်နဲ့ ဗြဟ္မာ့ပြည်သို့ သွားရာလမ်းကြောင်းအတက်ခရီး။
၂။ မနုဿဂတိ၊ လူ့ပြည်သို့ ပြန်လာရာ အဖြောင့်ခရီး။
၃။ နိရယဂတိ။ ငရဲမှာကျရခြင်း အစုံခရီး။
၎။ ပေတဂတိ၊ ပြိတ္တာဖြစ်ရခြင်း အစုံခရီး။
၅။ တိရိစ္ဆာနဂတိ၊ တိရိစ္ဆာန်ဖြစ်ရခြင်း အစုံခရီး၊ လို့ သွားရာဂတိ(၅)မျိုး။
ဒါကြောင့် မိမိတို့သွားရမယ့် ဂတိကိုလည်း ဘယ်သူမှ ကြိုတင်ပြီးတော့ မသိနိုင်ဘူးပေါ့။
ဧတေပဉ္စ၊ ဤငါးပါးတို့သည်။ အနိမိတ္တာ၊ ပိုင်းခြားသတ်မှန် မရှိအပ်တဲ့ အတွက်ကြောင့်။ နနာယရေ-နနာယန္တိ၊ ဘယ်သူကမသိနိုင်ကြဘူးရယ်လို့။ ဒိနေဒိနေ၊ နေ့တိုင်းနေ့တိုင်း။ အနုဿရိတဗံ၊ ဆငိခြင်သုံးသပ်၍ နေအပ်ပါပေ..သတည်း။
ဘယ်သက်ရွယ်မှာ ဘယ်ရောဂါနဲ့ ဘယ်ခါကာလ ဘယ်ဒေသရှိ ဘယ်ဂတိ၌ သေရမည့်တာ တို့သူငါ မှန်စွာမသိပါတကား။ မနာချင်လို ငါကဆိုလည်း ဆိုတိုင်းမရ နာကြရ အနတ္တ ခန္တာကိုယ်။
မအို
မသေ
သပြေကန်
သင့် ဆီကဝေဖန်ချက်ကြံပြုချက်များကိုလည်းရှင်ယောဆိုက်မှကြိုဆိုလျှက်ပါ